ပထမဆုံးအနေနဲ့ ထရော့စကီးဝါဒရဲ့ အဓိကအချက်ကတော့ အလုပ်သမား လူတန်းစားနဲ့ လယ်သမားလူတန်းစားတို့ရဲ့ ဦးဆောင်မှုနဲ့ ဆိုဗီယက်ပြည်ထောင်စု တည်ထောင်ခြင်းရဲ့ ဖြစ်နိုင်မှုကို ငြင်းဆိုတာပါပဲ။ ဒါကဘာကိုဆိုလိုသလဲဆိုရင် ကမ္ဘာ့တော်လှန်ရေးအောင်ပွဲကြီးဟာ ကျွန်တော်တို့ကို ထောက်ကူဖို့ မြန်မြန် ဖြစ်မလာဘူးဆိုရင် ကျွန်တော်တို့ဟာ အရင်းရှင်ဆီမှာ အညံ့ခံရမယ်၊ အရင်းရှင်ဒီမို ကရေစီနိုင်ငံအတွက် လမ်းဖွင့်ပေးရမယ်ဆိုတဲ့ သဘောပါပဲ။

တစ်ဆက်ထဲမှာပဲ အရင်းရှင်တွေဟာ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်ရေး ကို ငြင်းဖျက်နေပြီးတော့ ကမ္ဘာ့တော်လှန်ရေးအောင်ပွဲကို အပုတ်ချတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုအမြင်တွေကြားကနေပဲ အင်အားတောင့်တင်းတဲ့ လက်ရုံးတပ်တစ်ခု ပေါ်ပေါက်ရေးနဲ့ အရင်းရှင်စနစ် တိုက်ထုတ်ရေးတွေအတွက် အလုပ်သမားထုကို လှုံဆော်ပြီး ဆိုရှယ်လစ်ဝါဒီတွေ ဖြစ်လာအောင် ဝါဒဖြန့်ဖို့ မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်ပါဘူး။ တော်လှန်ရေးသုံးခုကို ကျော်ဖြတ်လာခဲ့ပြီးတဲ့ ကျွန်တော်တို့ရဲ့ အလုပ်သမားထုဟာ သူတို့ရဲ့ လက်ရုံးအားနဲ့ အရင်းရှင်ဝါဒကို အလုပ်အကျွေး ပြုလိမ့်မယ်လို့ တွေးတာဟာ ရူးလွန်းလှပါတယ်။ ကျွန်တော်တို့ အလုပ်သမားထုရဲ့ လက်ရုံးဟာ အရင်းရှင်စနစ်အတွက် မဟုတ်ဘူး။ အရင်းရှင်စနစ်ကို တစ်ခါတည်းနဲ့ အပြီးတိုင် ဖြိုချပြီးတော့ ဆိုဗက်ယက်ပြည်ထောင်စုကို ဆိုရှယ်လစ်နိုင်ငံအဖြစ် ထူထောင်ရေးအတွက်သာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ ယုံကြည်ချက်ကိုသာ ဖယ်ထားလိုက်ရင် စိတ်ဓာတ်တက်ကြွမှု၊ လက်ရုံးအားနဲ့ လက်ရုံးတပ်တို့ရဲ့ အခြေခံအချက်တွေကို ဖျက်ဆီးလိုက်တာပါပဲ။

ဒါ့ကြောင့် နိဂုံးချုပ်အနေနဲ့ ဆိုရမယ်ဆိုရင် အလုပ်သမားထုရဲ့ လက်ရုံး အင်အားနဲ့ စိတ်ဓာတ်တက်ကြွမှုကို လှုံဆော်ပြီး အရင်းရှင်စနစ်ကို ထိုးနှက်ဖို့ဆိုရင် ပထမဆုံးအနေနဲ့ ကျွန်တော်တို့နိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတော်တစ်ခုဖြစ်လာအောင် တည်ထောင်နိုင်မှာမဟုတ်တဲ့ ထရော့စကီးဓနရှင်အတွေးအခေါ်ကို အရင်ဆုံး ပယ်သတ်ရလိမ့်မယ်။

ဒုတိယအနေနဲ့ ထရော့စကီးဝါဒရဲ့ အဓိကအချက်ကတော့ လယ်သမားထု ကို အခြေပြုပြီး ကျေးလက်ဒေသတွေမှာ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးကို ငြင်းပယ်တာပါပဲ။ ဒါက ဘာကိုဆိုလိုသလဲဆိုရင် ကမ္ဘာ့တော်လှန်ရေးအောင်ပွဲဟာ အလုပ်သမားလူတန်းစားကို ထောက်ကူပြုမလာဘူးဆိုရင် လယ်သမားတွေက အရင်းရှင်ဟောင်းတွေရဲ့ နေရာကို ဆက်ခံသွားပြီး လယ်ယာမြေ ဘုံပိုင်လုပ်တဲ့အခါ အလုပ်သမားလူတန်းစားဟာ လယ်သမားလူတန်းစားကို ဦးဆောင်နိုင်မှာ မဟုတ် ဘူး ဆိုတာပါပဲ။ တစ်ဆက်တည်းမှပဲ ဓနရှင်တွေက ပစ္စည်းမဲ့အာဏာရှင်စနစ်ဟာ လယ်သမားတွေ ဆိုရှယ်လစ်စနစ်ကို ရောက်ရှိရေးအတွက် ဦးဆောင်နိုင်စွမ်းကို ငြင်းဆိုကြပြီးတော့ ကမ္ဘာ့တော်လှန်ရေးအောင်မြင်မှုကို ငြင်းဆိုခဲ့ပါတယ်။

ဒီလိုအမြင်တွေကြားမှာ လယ်ယာမြေကို ဘုံစနစ်ပြောင်းလဲရေးအတွက် လယ်သမားထုကို စည်းရုံးရေး၊ လယ်ယာဘုံစနစ်ပြောင်းလဲရေးလှုပ်ရှားရေး၊ မြေရှင် တွေကို လူတန်းစားတစ်ရပ်အဖြစ်ကနေ ပယ်ဖျက်ရေးတွေ ဖြစ်နိုင်ပါ့မလား။ မဖြစ် နိုင်ပါဘူး။

ဒါ့ကြောင့် အဆုံးသတ်အနေနဲ့ လယ်သမားတွေရဲ့ လယ်ယာမြေဘုံစနစ် ပြောင်းလဲရေးလှုပ်ရှားမှု၊ မြေရှင်စနစ် ပယ်ဖျက်ရေးတွေအတွက် ပထမဆုံးအနေနဲ့ လယ်သမားထုကို ဆိုရှယ်လစ်မဖြစ်လာနိုင်စေတဲ့ ထရော့စကီးဓနရှင်ဝါဒကို အရင် ပယ်သတ်ကြရမယ်။

နောက်ဆုံးအနေနဲ့ ထရော့စကီးဝါဒရဲ့ အဓိကအချက်က ပါတီတွင်း သံမဏိ စည်းမျဉ်းကို လက်မခံတာရယ်၊ ပါတီတွင်း ဂိုဏ်းဂဏကွဲပြားမှုကို လက်ခံတာရယ်၊ ထရော့စကီးဝါဒီတွေရဲ့ပါတီ ပေါ်လာဖို့ လိုအပ်တယ်လို့ ယူဆတာရယ်တို့ပဲ ဖြစ်ပါ တယ်။ ထရော့စကီးဝါဒအရ ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီတစ်ခုတည်း မဖြစ်ရဘူး၊ တစ်ခုနဲ့ တစ်ခု ရန်စောင်နေမယ့် ပါတီတွေ ရှိရမယ်၊ ဒါပေမယ့် အဲ့ဒီပါတီ တိုင်း အဖွဲ့တိုင်းဟာ ကိုယ်ပိုင်ဗဟို၊ ကိုယ်ပိုင်စည်းမျဉ်း၊ ကိုယ်ပိုင်သတင်းစာ စတာတွေ ရှိရမယ်။ ဒါကဘာကိုဆိုလိုသလဲဆိုရင် ပါတီတွင်းမှာ ဂိုဏ်းဂဏဖွဲ့မှုကို တရားဝင် ခွင့်ပြုလိုက်တာပဲ။ အဲ့ဒါက ပါတီတွင်း ဂိုဏ်းဂဏဖွဲ့မှုတွေကို နိုင်ငံတွင်းမှာ ရှိတဲ့ ပါတီအားလုံးက ခွင့်ပြုရမယ်ဆိုတဲ့ အရင်းရှင်ဒီမိုကရေစီပါပဲ။

တစ်ဆက်တည်းမှာ ကျွန်တော်တို့ဟာ ပါတီတွင်း ဂိုဏ်းဂဏလက်ခံမှုကို ပစ္စည်းမဲ့အာဏာရှင်စနစ်နဲ့ နိုင်ငံတော်မှာ ပါတီတွေပေါ်လာဖို့ လက်ခံရတဲ့အထိ ဖြစ်လာပြီးတော့ ပါတီတွင်းဒီမိုကရေစီနဲ့ ပါတီတွင်း အစိုးရစနစ်တိုးတက်ခြင်းတွေ ကို အပုတ်ချခံနေရပါတယ်။ ပါတီတွင်းမှာ ဂိုဏ်းဂဏကွဲတာက ပါတီတွင်းဒီမို ကရေစီ မဟုတ်ဘူး။ ကျယ်ပြန့်စွာ လက်ခံထားတဲ့ ပါတီရဲ့ ကိုယ့်ကိုယ်ကိုယ်ဝေဖန် ရေးနဲ့ သိပ်ကိုများပြားတဲ့ ပါတီဝင်တွေရဲ့ ဝေဖန်ရေးပေးမှုတွေဟာ ပါတီတွင်းဒီမို ကရေစီစစ်စစ် ဖြစ်ပါတယ်။ ဒါကို ထရော့စကီးဝါဒကို နားလည်နိုင်းစွမ်း မရှိပါဘူး။

မြတ်မင်းမောင်မောင်

(စတာလင်၏ What is the Essence of Trotskyism ကို ဘာသာပြန်သည်)

PDF အဖြစ်ရယူရန်

ကျွန်တော်၏ Blog သည် ဆောင်းပါးများ၊ ဗဟုသုတများကို တနိုင်တပိုင် မျှဝေပေးနေသော နေရာဖြစ်ပြီး အကယ်၍ ကျွန်တော့်ကြောင့် အကျိုးတစုံတရာ ဖြစ်ထွန်းသွားပါက Blog အဓွန့်ရှည် တည်တံ့ရေးအတွက် အကူအညီပေးနိုင်ပါသည်။