ကျွန်တော်တို့က ဘယ်သူတွေလဲ

ကျွန်တော်တို့ရဲ့ website လိပ်စာသည် https://komyatmin.com ဖြစ်ပါတယ်။

 

မည်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကိုရယူသလဲနှင့် ဘာကြောင့်ရယူသလဲ

မှတ်ချက်များ (comments)

အကယ်၍ ကျွန်တော်တို့ Websiteကိုလာရောက်လည်ပတ်စဥ် သင်က ကျွန်တော်တို့ Website မှာ မှတ်ချက်ရေးခဲ့မယ်ဆိုလျှင် လူအများကိုနှောင့်ယှက်ရန်ဖန်တီးထားသောမှတ်ချက်များ (spam comments)ရန်မှကာကွယ်ရန် သင်၏ IP addressနှင့် သင်အသုံးပြုသည့် Browser Agent String ကိုရယူပါမည်။

သင်တို့ရေးသားသည့်မှတ်ချက်များကို နှောင့်ယှက်သည့်မှတ်ချက်များကိုအလိုအလျှောက်ဖယ်ရှားသည့် စနစ်မှစစ်ဆေးမည်ဖြစ်ပြီး ထိုစနစ်မှစတင်လက်ခံသည့်အချိန်မှစ၍ သက်ဆိုင်‌ရာဆောင်းပါတွင်မှတ်ချက်အဖြစ်ပေါ်လာမည်ဖြစ်သည်။

အကယ်၍ သင်သည် Gravatar ဝန်ဆောင်မှုကိုအသုံးပြုပါက မှတ်ချက်တွင်သင်၏ရုပ်ပုံပေါ်စေရန် Gravatarဝန်ဆောင်မှုနှင့်ကျွန်တော်တို့ချိတ်ဆက်ထားပါသည်။ သင်ဖြည့်သွင်းလိုက်သော အီးမေးလ်လိပ်စာကို မည်သူမှဖတ်၍မရသော hash ဟုခေါ်သောစာသားများနှင့်ချိတ်ဆက်လိုက်ပြီး သင်၏မှတ်ချက်မှာ ကျွန်ုပ်တို့ထံမှခွင့်ပြုချက်ရသည်နှင့် သင်၏ရုပ်ပုံနှင့်မှတ်ချက်ကို websiteသို့အလည်လာသည့်မည်သူမဆိုကြည့်ရှုနိုင်မည်ဖြစ်သည်။ Gravatar ဝန်ဆောင်မှု၏ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒကို ဤနေရာတွင်ကြည့်နိုင်သည်။

 

အရောင်းပစ္စည်းများ

ကျွန်ုပ်တို့၏ websiteတွင် ebook များကိုရောင်းချပြီး ဝယ်ယူပါက ဝယ်ယူသူများနှင့်ဆက်သွယ်နိုင်ရန် အမည်၊ အီးမေးလ်နှင့် အော်ဒါမှတ်တမ်းကိုသိမ်းဆည်းထားပါသည်။ အကယ်၍ သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ကို ကျွန်ုပ်တို့မှတ်တမ်းမှပယ်ဖျက်လိုပါက ဤဖောင်ကိုဖြည့်၍ပယ်ဖျက်ရန်တောင်းဆိုနိုင်ပါသည်။ ငွေပြန်အမ်းခြင်းဆိုင်ရာမူဝါဒကို ဤနေရာတွင်ကြည့်ရှုနိုင်ပါသည်။

 

ကွတ်ကီးများ

အကယ်၍သင်မှ မှတ်ချက်ထားခဲ့ရန် သင်ဖြည့်သွင်းသော နာမည်၊ အီးမေးလ်လိပ်စာနှင့် websiteများကို ကွတ်ကီးဟုခေါ်သောသင့် Browser ၏ ဖိုင်များတွင်သိမ်းဆည်းပေးထားပါမည်။ ထိုသို့သိမ်းဆည်းခြင်းအားဖြင့် နောက်တစ်ကြိမ်သင်မှတ်ချက်ရေးသောအခါ ယခင်ဖြည့်သွင်းထားသည့်အချက်အလက်များကို အလိုအလျောက်‌ဖြည့်သွင်းပေးပါမည်။ ထိုကွတ်ကီးဖိုင်များသည် သက်တမ်းတစ်နှစ်ရှိမည်ဖြစ်သည်။

 

ထုတ်နှုတ်ထည့်သွင်းထားသောမီဒီယာများ

ဆောင်းပါးအချို့အတွင်အခြား websiteများမှထုတ်နှုတ်ထည့်သွင်း(embedded)ထားသောမီဒီယာဖိုင်များ(ဥပမာ-ရုပ်သံ၊ ဓာတ်ပုံ၊စာသားနှင့်အစရှိသည်တို့)ပါဝင်နိုင်ပြီး ထိုဆောင်းပါကိုဖတ်ရှုသည်နှင့် ထိုမီဒီယာဖိုင်များကိုအခြား websiteတွင်သွားရောက်ကြည့်ရှုသည်နှင့်အတူတူပင်ဖြစ်ပါလိမ့်မည်။

အကယ်၍သင်သည် ကျွန်တော်တို့ထုတ်နှုတ်ထားသော websiteတွင် အကောင့်စာရင်းသွင်းထားလျှင် ထို websiteများမှ သင့်ထံတွင် ကွတ်ကီးဖိုင်များသိမ်းဆည်းခြင်း ထိုမီဒီယာဖိုင်အတွက် ခွဲခြမ်းစိတ်ဖြာခြင်း(analysis)များပြုလုပ်နိုင်မည် ဖြစ်ပါသည်။

 

ပြင်ပလင့်ခ်များ

ကျွန်ုပ်တို့၏ ဆောင်းပါးများတွင် အခြား websiteများသို့ Link များဖြင့်ညွှန်ပြနိုင်ပြီး အကယ်၍သင်သည် ထို websiteထဲသို့ဆက်လက်ဝင်ရောက်ပါက ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒနှင့်မသက်ဆိုင်တော့ပဲ ထို website၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒဖြင့် ဆက်လက်သက်ဆိုင်မည်ဖြစ်သည်။

 

ခွဲခြမ်းစိတ်ဖြာခြင်း (Analysis)

ကျွန်ုပ်တို့ ပိုမိုကောင်းမွန်သောဆောင်းပါးများရေးနိုင်ရန်နှင့် သင်တို့နှစ်သက်နိုင်မည့်အကြောင်းအရာများပိုမိုရေးသားနိုင်ရန် အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက် Google Analytics Program နှင့်ချိတ်ဆက်ထားပါသည်။ Google Analytics Program၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒကို ဤနေရာတွင်ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့သည် Google Analytics၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒအတိုင်းလုပ်‌ဆောင်ပြီး သင်တို့၏ အချက်အလက်များမပါဝင်သည့် အမည်မသိနိုင်သောအချက်အလက်များကို Google Analytics ထံမှရယူပါသည်။ ကျွန်ုပ်တို့သည် Google Analyticsထံမှ ဆောင်းပါးအမည်နှင့်ကြည့်ရှုသူအရေအတွက် ‌ဆောင်းပါးဖတ်ရှုသူအသုံးပြုသည့် Operating System နှင့် မည့်သည့်နေရာမှတစ်ဆင့်လာရောက်ဖတ်ရှုခြင်းစသည်တို့ကိုရယူပါသည်။

 

Facebook Like System

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆောင်းပါးများကို စာဖတ်သူများမှ နှစ်သက်ကြောင်းပြနိုင်ရန်နှင့် တိကျသောနှစ်သက်သူအရေအတွက်ကိုသိရှိနိုင်ရန် Facebook Like Plugin နှင့်ချိတ်ဆက်ထားပါသည်။ သင်တို့နှစ်သက်မှုပြုလုပ်ခြင်းအတွက် သင်တို့ထံမှ မည်သည့် အကောင့် ID၊ အမည်၊ အီးမေးလ်နှင့်အခြားသောအချက်အလက်များကိုမှမရယူပဲ နှစ်သက်မှုအရေအတွက်တစ်ခုအဖြစ်သာ မှတ်တမ်းတင်ပါမည်။

 

ကြော်ငြာများ

ကျွန်ုပ်တို့ Blog ရေရှည်ရပ်တည်နိုင်ရန်အတွက် Websiteတွင် Yillx နှင့်ချိတ်ဆက်ထားသော ကြော်ငြာများထည့်သွင်းထားပါသည်။ အဆိုပါကြော်ငြာများကြည်ရှုမှုအတွက် သင့်ထံမှ မည်သည့်ပုဂ္ဂိုလ်ရေးအချက်အလက်ကိုမှ စုဆောင်းမည်မဟုတ်ပါ။ ကြော်ငြာများသည် အသက်အရွယ်အားလုံးကြည့်ရှုနိုင်သည့် လုံခြုံသည့်ကြော်ငြာများကိုသာ ထည့်သွင်းထားပါသည်။

 

မူဝါဒပြင်ဆင်ခြင်း

ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒအသစ်များကို ထပ်မံပြင်ဆင်ပါက ဤဝက်ဘ်စာမျက်နှာ တွင်ဖော်ပြသွားပါမည်။